DAY 1: HANOI, ARRIVE & TRANSFER TO HOTEL (Meal - Dinner)
Hanoi (သို့) Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဗီယက်နမ် ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး ဟိုတယ်သို့ပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် ခဏတာ အနားယူပြီးနောက် ကားဖြင့် ဟနွိုင်းမြို့၏ ရှေးဟောင်း ရပ်ကွက် ကို ဖြတ်၍ Hanoi မြို့လယ်၌ တည်ရှိသောDong Xuan Market တွင် အမှတ်တရ ပစ္စ္စည်းများ ဝယ်ယူပါမည်။ထို့နောက် လန်ချားစီးပြီး အထင်ကရနေရာများ ဖြစ်သော Hoan-Kiemရေကန်၊ Old Quarter ဖြစ်သော 36 Streets ၊ ပြင်သစ်စတိုင် ရှေးဟောင်း အဆောက်အဦးများ တစ်လျှောက် လှည့်လည် လည်ပတ်ခွင့်ရမှာဖြစ်ပါသည်။ညနေအစောပိုင်းတွင် Bong Sen Theatre ပြဇာတ်ရုံ တွင် ရိုးရာရုပ်သေးအကကိုလည်း ကြည့်ရှုရမှာဖြစ်ပါသည်။ညနေစာ စားပြီးနောက် ဟိုတယ်သို့ပြန်ကာ အနားယူ အိပ်စက်ပါမည်။
DAY 2: HANOI - HALONG BAY (Meal – Breakfast, Lunch, Dinner)
ဟိုတယ်၌ မနက်စာ စားပြီးနောက် ဟိုချီမင်း (Uncle Ho) ၏ နောက်ဆုံးလဲလျောင်းရာ နေရာဖြစ်သည့် ပြောင်မြောက်သော ဗိသုကာလက်ရာများစုစည်းရာ သမိုင်းဝင်နေရာ တစ်ခုဖြစ်သည့် Ba Dinh Square, Ho Chi Minh Mausoleum (Closed on Monday, Friday) မှ စတင်လည်ပတ်ပါမည်။
One Pillar Pagoda ဘုရားသို့ ဝင်ရောက်ဖူးမြော်ကာ ထိုမှတဆင့် ဗီယက်နမ် နိင်ငံ၏ ပထမဆုံး အမျိုးသားတက ္ကသိုလ် Temple of Literature သို့ ဝင်ရောက်လေ့လာပါမည်။
နေ့လည်စာ စားပြီးနောက် ဗီယက်နမ်နိုင်ငံရဲ့ အထင်ရှားဆုံးသော သဘာဝအလှများဖြင့် UNESCO ၏ ကမ္ဘာ့ရှေးဟောင်းမွေအနှစ်စာရင်းဝင် ဟလောင်းမြို့သို့ ဆက်လက်ထွက်ခွာပါမည်။၄နာရီခန့် ကားဖြင့်ဆက်လက် သွားရသော ခရီးလမ်းတလျှောက် ကျေးလက်ဒေသအလှ သဘာဝရှုခင်းများကို ကြည့်ရှုခံစားရင်း ဟလောင်းသို့ ရောက်ရှိပါမည်။ ညနေစာအား ဒေသအစားအစာ ပင်လယ်စာ ဖြင့် တည်ခင်း ကွျှေးမွေးပြီးနောက် ဟလောင်း Beach cityရှိ Night market တွင် ဈေးဝယ်ထွက်ပါမည်။ ဟလောင်း ပင်လယ်အော်ရှိ ဟိုတယ်သို့ပြန်ကာ အနားယူ အိပ်စက်ပါမည်။
DAY 3: HALONG BAY – HANOI (Meal – Breakfast, Lunch, Dinner)
ဟိုတယ်၌ မနက်စာ စားပြီးနောက် Halong ပင်လယ်အော်သို့ အပျော်စီးသဘောၤဖြင့် သာယာသော သဘာဝရှုခင်းများကြည့်ရှုရင်း လွန်စွာ လှပဆန်းပြားသော ကျွန်းငယ်ပေါင်း မြောက်များစွာကိုပါမြင်တွေ့နိုင်ပြီး နောက်ဆုံးတွင် ဒေသခံ တံငါရွာငယ်များစွာ ကို ဖြတ်သန်းကာ ဒေသခံများ၏ တစ်နေ့တာ လူနေမှုဘဝကို လေ့လာခွင့်ရပါမည်။ အတော်အတန်ကြာ ရွက်လွှင့်လာရာ Trong Mai Islet ခေါ်Fighting cock rock တွင် ခေတ္တ
နားကာ အမှတ်တရ ဓာတ်ပုံ ရိုက်ကြပါမည်။ Halong ပင်လယ်အော် ရှိ အလှပဆုံးလိုဏ်ဂူများထဲမှ တစ်ခုဖြစ်သည့် Paradise Cave (ThienCung cave) သို့ လည်ပတ်ပါမည်။သဘောၤပေါ်တွင် နေ့လည်စာ အတွက် လတ်ဆတ်သော ပင်လယ်စာ များဖြင့်ကျွေးမွေးပြီးနောက် ဟနွိုင်းသို့ပြန်လာကာ သာယာလှပသော ဟနွိုင်းမြို့လူနေမှု ဘဝပုံစံ အား လည်းလေ့လာနိုင်မည့် Hoan Kiem Lake နှင့် အနီးတဝိုက် ကိုလေ့လာ လည်ပတ်ဓါတ်ပုံ ရိုက်ပါမည်။ Old Quarter ဖြစ်သော 36 Streets တွင် ဈေးဝယ်ထွက်ပြီး ညနေစာအတွက် နာမည်ကြီး SenTay Ho restaurant တွင် ဘူဖေး dinner ဖြင့် တည်ခင်းကျွေးမွေးပါမည်။ ဟိုတယ်သို့ပြန်လာကာ အနားယူ အိပ်စက်ပါမည်။
ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှု
- နေ့စဉ် ဟိုတယ်မနက်စာ ပါဝင်သော ဟိုတယ် တည်းခိုခ စရိတ်
- စင်္ကာပူ ပြည်ဝင်ခွင့် အလည်ဗီဇာကြေး နှင့် ဗီဇာ လျှောက်ထားပေးသည့် ဝန်ဆောင်မှု
- ခရီးစဉ်တစ်လျှောက် လုံးတွင် ပါဝင်သော လည်ပတ်မည့် နေရာများသို့ (Private Air-con Coach) အဲယားကွန်း ကားဖြင့် အကြိုအပို့များ၊အ စားအသောက်များ (ဗီယက်နမ်အစားအစာ၊ ပင်လယ်စာ အစားအစာများ)
- ဝင်ကြေးများ
- နေ့စဉ် ရေသန့် ၂ဘူး
- ခရီးစဉ်တွင် အသေးစိတ် ဖော်ပြထားသည့် အတိုင်း အပျော်စီးသင်္ဘော ဖြင့်လည်ပတ်ခြင်း
- English Speaking ဧည့်လမ်းညွှန်တစ်ဦး က ဦးဆောင်၍ လိုက်ပါ ရှင်းလင်း ပြသပါမည်။
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှု
- ဖော်ပြထားခြင်းမရှိသော ဝန်ဆောင်ခများ
- ပြည်တွင်း၊ပြည်ပ လေယာဉ် လက်မှတ်
- အခွန်များ
- ကိုယ်ပိုင် အသုံးစရိတ်များ
- ဟိုတယ်တွင် free facilities မဟုတ်သည့် ဝန်ဆောင်မှုများ (ဥပမာ – အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Mini Bar အသုံးပြုခများ)
- ဟိုတယ်မှ နောက်ကျ ထွက်ခွာခြင်းများ (Late Checkout )

