• +95 1 230 2627, +95 9 421 165 214

USA Nasa Student Camp Tour (12Days/11Nights)

USA Nasa Student Camp Tour (12Days/11Nights)

About Tour

Tour Code: NP003

Tour Destination: Yangon-Orlando-Disney/Universal Studio-Niagara-Hersheys-Washington DC-New York-Yangon

Tour Duration : 12Days/11Nights

Tour Duration : 4,999 U$

“ကနေဒီ အာကာသ စင်တာ(နာဆာ) အမေရိကန်နိူင်ငံသို့ (၁၂)ရက်တာ ခရီးစဉ်”

အသက်၁၁နှစ် မှ ၁၈ ကြား မြန်မာ ကျောင်းသူ ကျောင်းသား များအတွက် Nasa ရှိ KENNEDY SPACE CENTER သို့

သွားရောက်လည်ပတ်ပြီ: Space နှင့် ပက်သက်သော သိပ္ပံ္ပ္ပနည်းပညာများအား ကိုယ်တိုင်သင်ယူနိုင်မည့် အထူးအခွင့်အရေး!!!

  • Nasaရှိ အာကာသယာဉ်မှူးနှင့်တွေ့ဆုံခွင့်ရမည့်အပြင် Space Shows နှင့် Space Movies တွေလဲကြည့်ရမယ်၊
  • Robot တွေလဲလေ့လာကြရမှာနော်!!!
  • Nasaမှ သိပ္ပံပညာရှင်ကြီးများ ကိုယ်တိုင် ပေးအပ်သော Nasa Camp KSC Certificate of Completion နှင့် အမှတ်တရ Camp KSC® T-shirt ရရှိပါမည်။ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။

ထို့အပြင် USရှိ အထင်ကရ နေရာများဖြစ်သော

* Orlando ရှိ Disney Land Magic Kingdom ၊

* Niagara ရှိ ကမၻာအေက်ာ္ၾကားဆံုး သဘာ၀ေရတံခြန္ ၊

* Shopping at THE FLORIDA MALL in Florida ၊

* Washington DC ရှိ White House ၊

* NewYork ၊

* Space Museum နှင့် အခြားသော US ရှိ အထင်ကရ လည်ပတ်စရာနေရာများစွာပါဝင်ပါသည်။                                                                                   

  

Day 1 Yangon - Doha - Miami - Orlando

ရန်ကုန်-ဒိုဟာ-မိုင်ယားမီ-အော်လန်ဒို

ရန်ကုန် - ဒိုဟာ မှတဆင့် ကြယ်ငါးပွင့်အဆင့်ရှိ လေကြောင်းလိုင်းဖြင့် မိုင်ယာမီမြို့သို့ (အမေရိကန်နိူင်ငံ)သို့ ဆိုက်ရောက်ပါမည်။ ကျွနု်ပ်တို့၏ ခရီးသွား ခေါင်းဆောင်မှ သင်တို့အတွက် ခရီးစဉ်တစ်လျှောက်လုံးတွင် လေကြောင်းလိုင်းကောင်တာတွင် လိုအပ်သော လူဝင်မှုကြီးကြပ်ရေး ကိစ္စများ၊ ပစ္စည်းများ ရွေးယူပေးခြင်းများ တို့ကို ဆောင်ရွက်ပေးပါမည်။ ထို့နောက် ယာဉ်မောင်းDriverကို လေဆိပ်ရှိ ဆိုက်ရောက်ရာနေရာတွင် တွေ့ဆုံရမည်ဖြစ်ပါသည်။ (၂၃၅မိုင်-၃နာရီခရီး) ဖလော်ရေဒါ၏ အကြီးဆုံးမြို့ကြီး (၆) မြို့အနက် အကြီးဆုံးမြို့ဖြစ်သော အော်လန်ဒိုမြို့သို့ ပြောင်းရွှေ့ စီးနင်းလိုက်ပါသွားရပါမည်။ Disnery World Theme Park (ဒီစနီကမ္ဘောပျော်မြူးဖွယ်ကစားကွင်း) တည်ရှိနေခြင်းကြောင့် ဤအော်လန်ဒိုမြို့အားနာမည်ကြီး အပန်းဖြေစရာနေရာတစ်ခုအဖြစ် ထင်ရှားစေပါမည်။ အကောင်းဆုံး စားသောက်ဆိုင်တွင် ညစာ တည်ခင်းကျွေးမွေးပါမည်။ အော်လန်ဒိုမြို့ရှိ ဟိုတယ်တွင် တစ်ညအိပ်အနားယူပါမည်။

အစားအသောက် -    ညစာပါဝင်ပါသည်။

Day 2 Disney Land Magic Kingdom

ဒီစနီလဲန် အံ့ဖွယ်ကမ္ဘာ

ဟိုတယ်တွင် မနက်စာစားပြီးနောက် ယနေ့အစီအစဉ်မှာ (၁၉၇၁ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင်) စတင်ဖွင့်လှစ်ခဲ့သည့် ဧကပေါင်း (၁၀၇)ရှိ မြေပေါ်တွင်တည်ဆောက်ထားသော ဒီစနီလဲန်အံ့ဖွယ်ကမ္ဘာ (Disney`s Magic Kingdom)သို့ သွားရောက်လည်ပတ်ပါမည်။ ဤအပန်းဖြေသည့်နေရာကို "ကမ္ဘာအံ့ဖွယ် အကောင်းဆုံးနေရာ” ဟုတင်စားခေါ်ဝေါ်ပြီး အသက်အရွယ်မရွေး မည်သူမဆို ဝင်ရောက်လည်ပတ်နိုင်သည့်  အပန်းဖြေစရာနေရာလည်း ဖြစ်ပါသည်။ စိတ်ကူးယဉ်ပုံပြင်စာအုပ်မှ အကြောင်းအရာများကို နေ့စဉ်ဖြစ်ရပ်မှန်အဖြစ် တွေ့ကြုံခံစားနိုင်မည့် ဒီစနီ၏ မရိုးနိုင်လောက်သော သစ်ဆန်းမှုများကို ယူဆောင်ပေးလာပါလိမ့်မည်။ Magic Kingdom Park သည် မည်သည့်အသက်အရွယ် ကလေးသူငယ်များမဆို ဇာတ်ကားများထဲတွင် မြင်မက်ခဲ့ဖူးကြသည့် အိမ်မက်များကို လက်တွေ့အမှန်တကယ် တွေ့ကြုံခံစားကြရမည်ဖြစ်သည်။ ထူးဆန်းသည့်နယ်မြေ (၆) ခုဖြစ်သည့် Adventure land ၊ Frontier land ၊ Liberty Square ၊ Fantasyland ၊ Tomorrow land နှင့် Main Street (U.S.A areas) သို့လည်ပတ်ကြပါမည်။ စိတ်ဝင်စားစရာကောင်းသည့် မီးရှူးမီးပန်းများ၊ သံစုံတီးဝိုင်းများ ဖြင့် ချီတက်လာသော ချစ်စရာကောင်းသော ဒီစနီသရုပ်ဆောင်များတို့ကိုလည်း ရှု့စားတွေ့မြင်ရမည် ဖြစ်ပါသည်။ ဤဒဏ္ဍာရီဆန်ဆန် တင်ဆက်ဖျော်ဖြေမှု၊ ရှေးဆန်သော်ငြားလည်း ခေတ်မှီနေသော မရိုးနိုင်သည့် ဆွဲဆောင်မှုများ၊ ဇာတ်ခုံနောက်ကွယ်တွင် သွားရောက်လေ့လာခြင်းနှင့် ချစ်စရာကောင်းသည့် ဒီစနီသရုပ်ဆောင်များရှိရာ Walt Disney World Resort ရှိ Magic Kingdom တွင် တစ်နေ့တာ လည်ပတ်ပြီးနောက် ဟိုတယ်သို့ပြန်လာကာ အနားယူအိပ်စက်ပါမည်။

အစားအသောက် -    နံနက်စာ၊ အဆင်သင့် ထုပ်ပိုးထားသည့် နေ့လည်စာ၊ ညစာ ပါဝင်ပါသည်။

Day 3 Kennedy Space Center Camp - Day 1

ကနေဒီ အာကာသစင်တာ စခန်း-ပထမနေ့

ဟိုတယ်တွင် မနက်စာစားပြီးနောက် Nasa ရှိ Kennedy Space Center (ကနေဒီအာကာသ စင်တာစခန်း) သို့သွားရောက်ပါမည်။ ဤသီးသန့် Package သည် အပြည်ပြည်ဆိုင်ရာ ကျောင်းသား/သူများအတွက်သာ အထူးပြင်ဆင်ထားခြင်း ဖြစ်သည်ကို သိရှိနားလည်စေချင်ပါသည်။ ယနေ့၊ သင်တို့သည် အာကာသနှင့်ဆိုင်သည့် ဗဟုသုတများကို လေ့လာပြီး ၊ကျောင်းသားများအချင်းချင်း မိတ်ဆွေသစ်ဖွဲ့ကြကာ ပျော်ရွှင်ဖွယ် အမှတ်တရများ ဖန်တီးကြပါမည်။ Camp Kennedy Space Center အနေဖြင့် လာရောက်စခန်းချကြသည့် သူတိုင်းကို အခြားမည်သည့်နေရာတွင်မှ မရရှိနိုင်သည့် ဆန်းကျယ်ထူးဆန်းသော စွန့်စားမှုနှင့် စမ်းသပ်လေ့လာ လုပ်ဆောင်ချက်များကို သင်ကြားပေးပါမည်။ ဆက်လက်၍ဖလော်ရီဒါရှိ (NASA) အာကာသစခန်း နာဆာတွင် သမိုင်းဝင်အာကာသယာဉ်နှင့် ၎င်းယာဉ်ကို မောင်းနှင်းခဲ့သူတို့နှင့် သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်းများ၊ ပြပွဲများ၊ IMAX ရှပ်ရှင်ရုံနှစ်ရုံ၊ အာကာသစခန်းတွင် လှည့်လည်ပို့ဆောင်ပေးသည့် ဘတ်စ် ကားများနှင့် အာကာသလွန်းပျံ စီးနှင်းသည့်အတွေ့အကြုံ၊ ဖန်းတီးထားသည့်အာကာသထဲကို ပျံသန်းစီးနှင်းသည့် အတွေ့အကြုံများကို လေ့လာပါမည်။ ထိုမျှပင်မကပါ၊ ဤစခန်းရှိ နာမည်ကြီးကျော်ကြားသည့် အာပိုလို/ဆေစရန် ဗီစခန်း (Apolla / Satrum V Center )နှင့် အမေရိကန်နိုင်ငံ အာကာသယာဉ်မှူးခန်းမတို့လည်း သီးသန့်ပါဝင်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဤစခန်းကို အလည်အပတ်ရောက်ရှိခဲ့သည့် ဧည့်သည်ပေါင်း ၁.၅ ဘီလံရှိပြီး ဒီစခန်းထဲတွင် အလုပ်လုပ်ကိုင်သူ ဝန်ထမ်းပေါင်း (၇၀၀) ခန့်ရှိပါသည်။ အာကာသယာဉ်မှူးများ အောက်မေ့ဖွယ်ရာ ဖောင်ဒေးရှင်း (The Astronaut Memorial Foundation ) မှ အထူးဆောက်လုပ်ထားသည့် အသက်ပေးပြီး တာဝန်ထမ်းဆောင်ခဲ့ကြသော  အာကာသယာဉ်မှူးများ၏ နာမည်များကို ထုထွင်းရေးသားထားသော Space Mirror Memorial သို့သွားရောက်လေ့လာပါမည်။ Visitor Complex entrance and the Debus centre ကြားရှိ ဒုံးပျံပြကွင်းသို့ သွားရောက်၍

အမေရိကန်နိုင်ငံသားများ အာကာသစခန်းတွင် သမိုင်းဝင်ဂြိုလ်တု ပစ်လွှတ်မှုကို ခင်းကျင်းပြထားသည့် လေဟာပြင် ပြကွင်းသို့ သွားရောက်လေ့လာပါမည်။ အာကာသယာဉ်မှူးများ လိုက်ပါစီးနှင်းခဲ့သော Mercury-Redstoner၊ Mercury- Atlas၊ နှင့် Tita II ၊ဒုံးပျံများနှင့် Cape Canaveral မှပစ်လွှတ်လိုက်သော Juno I Juno II  Thor- Delta နှင့် Atlas- Agena ဂြိုလ်တု ဒုံးပျံတို့ပင်ဖြစ်ပါသည်။ ဖော်ပြပါ ဂြိုလ်တု ဒုံးပျံများကို မိုးပေါ်ထောင်၍ ခင်းကျင်းပြသထားပြီး ကြီးမားသည့် ဒုံးပျံဖြစ်သည့် Saturn IB ကိုမှုဘေးတိုက်လှဲ၍ ခင်းကျင်းပြသထားပါသည်။ ဆန်းသပ်မှုစီမံကိန်းဖြစ်သည့် Apollo Skylab နှင့် the Apollo-Soyuz တို့အတွက် Saturn IB ဒုံးပျံများက Apollo ကမ္ဘာပတ် အာကာသယာဉ်ကို စေလွှတ်ခဲ့ပါသည်။ ဤအစီအစဉ်ပြီးသည့်နောက်တွင် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပါမည်။ အပြန်လမ်းတွင် ဖလော်ရီဒါ အရောင်းခန်းမတွင် ဈေးဝယ်ပါမည်။ အော်လဲန်ဒိုရှိ ဟိုတယ်တွင် တစ်ညတာအိပ်စက် အနားယူပါမည်။

ဖလော်ရီဒါ အရောင်းခန်းမ။    ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းတွင်ရှိသည့် ဒီဖလော်ရီဒါ အရောင်းခန်းမသည် အလည်လာသူ ဧည်သည်များသာမက ဒေသခံများလည်းပဲ  ကြိုက်နှစ်သက်သည့် အရောင်းခန်းမတစ်ခုဖြစ်သည်။ ဤခန်းမသည် အပြည်ပြည်ဆိုင်ရာလမ်းမနှင့် အော်လဲန်ဒိုတို့၏ အဓိက အချက်အချာကျသော နေရာတွင်တည်ရှိပြီး စတိုးဆိုင်ပေါင်း (၂၆၀) ကျော်ရှိပါသည်။ လူတိုင်းအတွက် ဈေးနှုန်းသင့်လျှော်ပြီး အော်လဲန်ဒို အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိနစ်အနည်းငယ်သာ မောင်းနှင်းရသည့် နေရာတွင်တည်ရှိပါသည်။ ဤအရောင်းခန်းမကြီးကို Saks 5th Avenue Macy´s Nordstrom Dillard and JC Penney တို့က အဓိကပံ့ပိုးဆောက်လုပ်ထားခြင်းဖြစ်ပါသည်။ Oakley Abercrombie & Fitch Express Hot Tipic The Gap စသည့် စတိုးဆိုင်ကြီးများနှင့် အခြားဆိုင်များသို့ လည်းပဲ ဈေးဝယ်ထွက်ပါမည်။

အစားအသောက် -    နံံံံနက်စာ၊ နေ့လည်စာနှင့် ညစာ ပါဝင်ပါသည်။

Day 4 Kennedy Space Center Camp - Day 2

ကနေဒီအာကာသစင်တာစခန်း-ဒုတိယနေ့

ဟိုတယ်တွင် နံနက်စာစားပြီးနောက် KSC ကိုသွားကြပါမည်။ ယနေ့အစီအစဉ်မှာ၊ အပြည်ပြည်ဆိုင်ရာကျောင်းသားများအတွက် ကနေဒီအာကာသစင်တာစခန်းကို သွားရောက်လည်ပတ်ပါမည်။ ယနေ့တွင် အာကာသနှင့် ပတ်သက်သည့်ဗဟုသုတများ သင်ယူလေ့လာကြပြီး၊ သူငယ်ချင်းများနှင့် ပျော်ရွှင်ဖွယ် အမှတ်တရများကို ဖန်တီးကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လာပါမည်။ ညနေပိုင်းတွင် အားလပ်ချိန် ရပါက၊ Macy´s Millenia Mallသို့ ဈေးဝယ်ထွက်ပါမည်။ အော်လဲန်ဒိုမှာရှိ ဟိုတယ်တွင် တစ်ညတည်းခိုပါမည်။

အစားအသောက် -    နံနက်စာ၊ နေ့လည်စာနှင့်ညစာ ပါဝင်ပါသည်။

Day 5 Kennedy Space Center Camp - Day 3

ကနေဒါ အာကာသ စင်တာစခန်း-တတိယနေ့

ဟိုတယ်တွင် နံနက်စာစားပြီးနောက် KSC ကိုသွားကြပါမည်။ ယနေ့၊ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများအတွက် ပြုလုပ်တည်ဆောက်ပေးသည့် ကနေဒီအာကာသ စင်တာစခန်းကို သွားရောက်လည်ပတ်ပါမည်။ (ဤသီးသန့် Package သည်အပြည်ပြည်ဆိုင်ရာ ကျောင်းသား/သူများအတွက်သာ အထူးပြင်ဆင်ထားခြင်းဖြစ်သည်ကို ကျေးဇူးပြု၍ သိရှိနားလည်စေချင်ပါသည်။) ယနေ့အာကာသနှင့် ပတ်သက်သည့်ဗဟုသုတများ၊ ပျော်ရွင်စရာ အမှတ်တရများအား သူငယ်ချင်းများနှင့်အတူ ရရှိကြလိမ့်မည်ဟု မျော်လင့်ပါသည်။ ယနေ့ညနေတွင် သင်တန်းဆင်းပွဲ အခမ်းအနား ရှိပါသည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် Nasa Camp KSC Certificate of Completion သင်တန်းလက်မှတ်များအား  ချီးမြှင့်မှာ ဖြစ်ပါသည်။ ၎င်းနောက် ဟိုတယ်သို့ပြန်လာပါမည်။ အော်လဲန်ဒိုရှိ ဟိုတယ်တွင်တစ်ညတည်းခိုရပါမည်။      
           
အစားအသောက် -   နံနက်စာ၊ နေ့လည်စာနှင့်ညစာ ပါဝင်ပါသည်။

Day 6 Orlando - Buffalo - Niagara

အော်လဲန်ဒို -ဗာဖလို -နိုင်ဂါရာ

မနက်စာကို ဟိုတယ်မှထုပ်ပိုးသွားပါမည်။ (ဝရး၀၀)နာရီတွင် ဗာဖလိုကိုပျံသန်းမည့် လေယာဉ်အတွက် အော်လဲန်ဒို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကားဖြင့်ပို့ဆောင်ပါမည်။ နိုင်ဂါရာသို့ တဆင့် ပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် Check in ဝင်ပြီး ခဏတာ အနားယူပြီးနောက် နေ့လည်စာစားပါမည်။ ညနေပိုင်းတစ်လျှောက်လုံး နာမည်အကြီးဆုံးကမ္ဘာအံ့ဖွယ် သဘာဝရေတံခွန်သို့ သွားရောက် လည်ပတ်ပါမည်။ နာမည်ကြီး Maid of the Mist (မြူနှင်းပျိုုမယ်) လှေဖြင့် မိုးချိန်းသံအလား စီးဆင်းနေသည့် ရေတံခွန်များတစ်လျှောက် American၊ Horseshoes ရေတံခွန်သို့ သွားရောက်လှည့်လည်ပါမည်။

ခရီးသွားဧည်သည်လေ့လာသူများကို The Niagara Falls Maid of the Mist tour က Niagara Falls State Park`s Horseshoes Falls သို့ လေ့လာရေးခရီးစဉ် ခေါ်ဆောင်သွားပါမည်။ ရှေးအစဉ်အဆက် နိုင်ဂါရာရေတံခွန်ကို လာရောက်သူဧည့်သည်များက  The Maid of the Mist tour (မြူနှင်းပျိုမယ်ခရီးသွား)သို့ သူတို့ရဲ့ ခရီးသွားလာမှုအနက်မှ အကြိုက်နှစ်သက်ဆုံးတစ်ခုအဖြစ် ခေါ်ဝေါ်သတ်မှတ် ပေးထားကြပါသည်။ နို်င်ဂါရာရေတံခွန်ပြည်နယ်ပန်းခြံ သည်လည်း အများကြိုက် လည်ပတ်စရာနေရာအဖြစ် နှစ်ပေါင်း(၁၅၀)ကျော် ဆွဲဆောင်နိုင်ခဲ့ပါသည်။ ထိုခရီးစဉ်သည် ခရီးသည်များ အမှတ်တရ မိုးရေခေါင်းစွပ်ခြုံထည်ကို ဝတ်ဆင်ပြီးနှစ်ထပ်လှေဖြစ်သည့် The Maid of the Mist tour (မြူနှင်းပျိုမယ်ခရီးသွား) ပေါ်တက်ရသည့် Observation Tower ခေါ်ရှု့စားမျှော်စင်မှ စတင်ပါသည်။ ၎င်းနောက်တွင် စိတ်လှုပ်ရှားစရာကောင်းလှသည့် ရေလမ်းကြောင်းလေး American Falls (အမေရိကန် ရေတံခွန်အောက်ခြေ) တို့ကို ဖြတ်ကျော်ပြီး Horseshoe Falls အိုင်ပေါ်တွင် လှိုင်းလုံးများပွက်ဆူနေသည့် ရေတံခွန်အဖြူရောင်ရေများနှင့် ကျောက်ဆောင်ကြီးများကို ကျော်လွန်ဖြတ်သန်းပြီး ပို့ဆောင်ပေးပါသည်။ The Maid of the Mist (မြူနှင်းပျိုမယ်)က ဧည့်သည်များကို နိုင်ဂါရာရေတံခွန်၏ သစ်ဆန်းသည့်အတွေ့အကြုံဖြစ်သည့် ရေတံခွန်၏ လှပဆန်းကျယ်မှုနှင့်အတူ ကမ်းခြေကို ပို့ဆောင်ပေးပါမည်။ ထိုသို့ စီးနှင်းကြည့်ရှု့မှုကို ပြုလုပ်ပြီးနောက် ဟိုတယ်သို့ပြန်လည် ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် ခြေကျင်လမ်းလျှောက်ရင်း ရောင်စုံသန်းနေသည့် ရေတံခွန်ကို ကြည့်ရှု့နိုင်ပါသည်။ နိုင်ဂါရာရေတံခွန်သည် အင်မတန်လှပအံ့သြဖွယ် နေ့လည်ရှု့မြင်ကွင်းတွေရှိသလို၊ ညဘက်တွင်လည်းပိုမိုကဗျာဆန် လှပသည့်အလှများကို တွေ့မြင်ကြရပါမည်။ နိုင်ဂါရာမှာရှိသော ဟိုတယ်တွင် တစ်ညအိပ်တည်းခိုရပါမည်။

အစားအသောက် - အဆင်သင့် ထုပ်ပိုးထားသည့် နံနက်စာ၊ နေ့လည်စာ၊ ညစာ ပါဝင်ပါသည်။

Day 7 Niagara - Hersheys - Washington DC

နိုင်ဂါရာ -ဟာရှဲ(စ်) -ဝါရှင်တန်ဒီစီ

          ဟိုတယ်တွင် နံနက်စာစားပြီးနောက် ဟိုတယ်မှထွက်ခွာပြီး ဟာရှဲ(စ်) (၃၂၀မိုင်-၄နာရီ ၃၀မိနစ်) သွားပါမည်။ ဟာရှဲ(စ်)၏ အကြီးမားဆုံးဖြစ်သည့် အမေရိကန်ချောကလက်စက်ရုံသို့ လေ့လာရေးခရီးစဉ် သွားရောက်၍ချောကလက် ပြုလုပ်ပုံအဆင့်ဆင့်တို့ကို လေ့လာခွင့်ရရှိပါမည်။ ဤစက်ရုံသို့ လေ့လာခြင်းခရီးစဉ်မှာ ၁၉၇၃ခုနှစ်၊ ဇွန်လတွင်စတင်ခဲ့ပြီး စတင်ခဲ့သည့်အချိန်ကတည်းက လူအများစိတ်ဝင်စားကြသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဟာရှဲ(စ်)ရဲ့ထုတ်ကုန်နမှုနာများကို့ကြည့်ရှု့လေ့လာပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် အမေရိကန်နိူင်ငံ၏ မြို့တော်ဖြစ်သော ဝါရှင်တန်ဒီစီ(၁၃၀မိုင်-၂နာရီ)သို့ ဆက်လက်ထွက်ခွာပြီး အနီးအနား ပတ်ဝန်းကျင်နှင့် အထင်ကရ အဆောက်အဦး၊ ကျောက်တိုင်၊ ရုပ်တုတွေကို လမ်းညွှန်ပြသပေးပါမည်။ ဖက်ဒရယ်အစိုးရ ဖြစ်သည်ကလွဲပြီး ဒီစီ၏ အဓိကကျသည့် စီးပွားရေးလုပ်ငန်းသည် ခရီးသွားလုပ်ငန်းဖြစ်ပါသည်။ ဝါရှင်တန်ဒီစီ်ရှိ ဟိုတယ်တွင် တစ်ညတာအနားယူ အိပ်စက်ပါမည်။

အစားအသောက် - နံနက်စာ၊ နေ့လည်စာ၊ ညနေစာ ပါဝင်ပါသည်။

Day 9 New York

                                                                  
နယူးယောက်။

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နယူးယောက်မြို့တော်ကို လေ့လာလည်ပတ်ပါမည်။ လှည့်လည်ကြည့်ရှု့ရာတွင် အမေရိကန်နိုင်ငံ၏ နာမည်ကြီးဖြစ်သည့် “ Statute Of Liberty” ခေါ်သော လွတ်လပ်ရေးရုပ်တု လည်းပဲ ပါဝင်မှာ ဖြစ်ပြီး၊ ခမ်းနားလှပသော နယူးယောက်မြို့အလှကို ကောင်းကင်အပေါ်စီးမှ ဖယ်ရီဖြင့် ရှု့စားကြရပါမည်။ မွန်းလွဲပိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန် ဖြစ်သောကြောင့် shopping ထွက်လိုသူများအတွက် အချိန်ကောင်းဖြစ်ပါသည်။ ညနေပိုင်းတွင် the Empire State Building ၏ (၈၆) ထပ်မှ မြို့တော်၏ အလှအပများကို ရှု့မြင်ခံစားရပါမည်။ ထို့နောက် နယူးယောက်မြို့ရှိ ဟိုတယ်တွင် တည်းခိုပါမည်။

အစားအသောက် - နံနက်စာ၊ နေ့လယ်စာ၊ ညစာပါဝင်ပါသည်။        

Day 10 New York - Departure

နယူးယောက်မြို့မှ ထွက်ခွာခြင်း

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ယနေ့ နယူးယောက်မြို့ အလည်အပတ်ခရီးစဉ်တွင် မြင်တွေ့ရမည့်အရာများမှာ- Rockefeller Center ၊ Wall Street Ground Zero ၊ Center Park ၊Time square၊ United Nationsနှင့် Trump တို့ဖြစ်ပါသည်။ အပြန်ခရီးစဉ်အတွက် (Doha) လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ လိုအပ်သည့် အကူအညီဖြစ်သည့် လေကြောင်းလိုင်းနှင့် လေယာဉ်လက်မှတ်၊ အဝင်အထွက် စစ်ဆေးပေးခြင်းတို့ကို အကျွန်ုပ်တို့၏ ခရီးသွားမန်နေဂျာမှ စီစဉ်လုပ်ဆောင်ပေးမှာ ဖြစ်ပါသည်။ (Qutar) ကာတာ လေကြောင်းလေယာဉ်ပေါ်တွင် တစ်ညအိပ်စက်ရင်း ပြန်လည် ရောက်ရှိပါမည်။                                                                                                             အစားအသောက် - နံနက်စာ၊ နေ့လယ်စာ၊ ညစာပါဝင်ပါသည်။        

Day 11 On Transit

တစ်ထောက်နား။

ဒိုဟာ (Doha) အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက်ပါမည်။ ရန်ကုန်သို့ပျံသန်းမည့် လေကြောင်းလိုင်းနဲ့ ချိတ်ဆက်ရပါမည်။ (Qutar) ကာတာ လေကြောင်းလိုင်း လေယာဉ်ပေါ်တွင် နေရာယူရပါမည်။

Day 12 Arrival in Yangon

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ပါမည်။ ချိုမြိန်သောအမှတ်တရများနှင့် ကျွန်ုပ်တို့၏ ခရီးသွားအစီအစဉ်သည် ဤနေရာတွင် ပြီးဆုံးပါပြီ။

ခရီးစဉ်တွင် ပါဝင်သောအရာများ ။

  • အပြန် Comfirmed လေယာဉ်လက်မှတ်၊ ရန်ကုန် – မိုင်ယားမီ // နယူးယောက် – ရန်ကုန် (Economy Class)
  • ပြည်တွင်း လေယာဉ်လက်မှတ် အော်လဲန်းဒိုမှ ဗား (ဖ) လို (Economy Class)
  • UA B1/B2ဗီဇာ – VFS Charges အပါအဝင် ပေးသွင်းရမည့်ငွေနှင့် ဝန်ဆောင်ခကြေး အားလုံးပါဝင်ပါသည်။
  • လေကြောင်းလိုင်း၊ လေယာဉ်ကွင်းအခွန်များ။
  • နယူးယောက်မြို့ရှိ (ကြယ်သုံးပွင့် ဟိုတယ်) Newark – Quad Sharing တွင် (၂) ညအိပ်တည်းခိုခ စရိတ်။
  • ဝါရှင်တန်ဒီစီရှိ (ကြယ်သုံးပွင့် ဟိုတယ်) Washington DC – Quad Sharing တွင် (၁) ညအိပ် တည်းခိုခ စရိတ်။
  • နိုင်ဂါရာရှိ (ကြယ်သုံးပွင့် ဟိုတယ်) Niagara Region – Quad Sharing တွင် (၁) ညအိပ် တည်းခိုခ စရိတ်။
  • အော်လဲန်ဒိုးရှိ (ကြယ်သုံးပွင့် ဟိုတယ်) Orlando – Quad Sharing တွင် (၅)ညအိပ် တည်းခိုခ စရိတ်။
  • အစားအသောက် – မနက်စာ(၁၀)ကြိမ်၊ နေ့လည်စာ(၁၀)ကြိမ်၊ ညစာ(၁၀)ကြိမ်။ဧည့်လမ်းညွန်ပါသည့် နယူးယောက်မြို့ အလည်အပတ်ခရီးစဉ်။
  • Empire State အဆောက်အဦး (မြို့မြင်ကွင်းကြည့်ရှု့ခြင်း)နှင့် Statue of Liberty လွတ်လပ်ရေးရုပ်တု သို့ ဖယ်ရီဖြင့် လည်ပတ်ကြည့်ရှု့ခြင်း။
  • ဧည့်လမ်းညွန်ပါသည့် (Washington DC) ဝါရှင်တန်ဒီစီ ခရီးစဉ်။ဧည့်လမ်းညွန်ပါသည့် (Hershey’s Chocolate Factory) ဟာရှဲ (စ်)ချောကလက်စက်ရုံ ခရီးစဉ်။
  • Maid of the Mist Boat Ride Tour မြူနှင်းပျိုမယ်ခရီးစဉ်(Disney Magic Kingdom) ဒီးစနီကမ္ဘာ ပျော်မြူးဘွယ် ကစားကွင်းသို့ တစ်ရက်တာ ခရီးစဉ်။
  • Robotics Program (3 Days), Space Pass Package
  • ကနေဒီအာကာသစခန်း (KSC) အစီအစဉ်
  • Robotics Program (3 Days), Space Pass Package
  • သုံးရက်တာ ကနေဒီအာကာသစခန်း အတွေ့အကြုံရှိသောဆရာမ များမှညွန်ကြားရှင်းပြမှုများ။
  • (KSC) ခရီးစဉ်အာကာသယဉ်မှူးမှ အမှတ်တရပစ္စ္စည်း၊ ကနေဒီအာကာသစခန်း နာမည်ကဒ်ပြား
  • ကနေဒီအာကာသစခန်း သင်တန်းဆင်းလက်မှတ်
  • လက်တွေ့ပါဝင်လုပ်ဆောင်မှုများတွင် လိုအပ်သော ကိရိယာပစ္စ္စည်းများ
  • အစီအစဉ်တစ်လျှောက်လုံးအတွက် အတွေ့အကြုံရှိသော ကိုယ်ရံတော်တစ်ယောက်
  • နေ့စဉ်သောက်ရေသန့်တစ်ဗူး
  • အခွန်အခများ အားလုံး

ကနေဒီအာကာသစခန်း အစီအစဉ် အသေးစိတ်

  • အဓိကသင်ရိုးညွန်းတမ်း
  • စက်ရုပ်တစ်ခု၏တည်ဆောက်ပုံ
  • လှုပ်ရှားမှု၊ လှည့်ခြင်းနှင့် တန်ပြန်လှန်ခြင်း
  • ဘရိတ်ထိန်းခြင်းနှင့် အရှိန်နှင့်လှိမ့်ဆင်းခြင်း
  • The LEGO MINDSTORMS NXT 2.0 ပရိုဂရမ်ရေးဆွဲခြင်း
  • ဖြတ်တောက်မှုများ-ထိတွေ့ခြင်း၊ အလင်း၊ နှုန်းလွန်အသံ(လှိုင်း)၊ သံလိုက်အိမ်မြှောင်နှင့်အခြား
  • စက်ရုပ်ဆိုင်ရာ လက်မောင်းတံများ- သီအိုရီမှသည် ဆောက်လုပ်ခြင်း
  • အတားအဆီး အနှောက်အယှက် လမ်းကြောင်းများနှင့် စိန်ခေါ်မှုများ
  • နောက်ဆုံးတွေ့ကြုံရသည့် လမျက်နှာပြင်ပေါ်က စိန်ခေါ်မှု

အစီအစဉ်တွင်ပါဝင်သည့်အရာ                                                                                                             

ကနေဒီအာကာသစခန်းတွင်းရှိ အလည်အပတ်သွားသူ ဧည့်သည်များ ခြံဝင်းတွင်၂ ရက်တာအတွက် ဝင်ကြေး၊ အာကာသယာဉ်မှူးတစ်ယောက်နှင့်နေ့လည်စာသုံးဆောင်ခြင်း၊   နေ့စဉ် အတွက်နေ့လည် စာနှင့် သင်တန်းဆင်းပွဲ နှင့်သင်တန်းဆင်းလက်မှတ်။

မှတ်ချက်။        ။KSC စခန်း၊ စက်ရုပ်ဆိုင်ရာအဖွဲ့ (မစ်ရှင်) နှင့် KSC NSI တွင်အောက်ဖော်ပြပါများ ပါဝင်ပါသည်။

အာကာသယာဉ်မှူးတစ်ယောက်အား တွေ့ဆုံနှုတ်ဆက်ခြင်း။ ကျောင်းသားများသည် အနာဂတ် အာကာသစူးစမ်းရှာဖွေခြင်းနှင့် ပတ်သက်သောအရာကို ရှင်းလင်းပြောဆိုမည့် အတွေ့အကြုံရှိ NASAအာကာသယာဉ်မှူးတစ်ယောက် နှင့်တွေ့ဆုံခွင့်ရမည်။ ကျောင်းသားများ မေးမြန်းလိုသောမေးခွန်းများကို မေးမြန်းနိုင်ပြီး၊ ထို့နောက်တွင် ၎င်းအာကာသယာဉ်မှူးထံမှ အော်တိုဂရပ် အမှတ်တရ ရေးသားမှုများ ရရှိကြမည်။ နေ့စဉ် နေ့လည်စာနှင့်မွန်းလွဲပိုင်း သာရေစာများဖြင့် ကျွေးမွေးဧည့်ခံပါမည်။ သင်တန်းဆင်းပွဲနှင့် အခမ်းအနားပြီးဆုံးခြင်း အတွက် သင်တန်းသားများသည် သင်တန်းဆင်းလက်မှတ်များကို ရရှိကြပါမည်။

ကနေဒီအာကာသယာဉ်စခန်းခရီးသွားခြင်း

ကျောင်းသား/ကျောင်းသုူများသည် ခရီးသွားဧည့်လမ်းညွန် ပါရှိသောအထူးသီးသန့် ဘတ်(စ်)ကားဖြင့် ကနေဒီအာကာသ လေကြောင်းအဆောက်အဦးများဆီသို့ပို့ဆောင်ပေးပါမည်။ ထိုလေ့လာ မှုခရီးစဉ်တွင် ကျောင်းသား/ကျောင်းသူူတို့သည် လကမ္ဘာသို့ သမိုင်းဝင်ဆိုင် ရောက်ခဲ့သည့်အာပိုလို-၁၁(Apollo 11) ပစ်လွှတ်ခဲ့သည့်နေရာတို့ကို ရှု့မြင်ရမည်ဖြစ်သည်။ ကျောင်းသူ/သားများသည် လွန်းပျံဆင်းသက်သည့် ပစ္စည်းများကိုလည်း မြင်တွေ့ရမည်ဖြစ်ပြီး၊ ဂြိုလ်ပတ်လမ်းကြောင်းအား စနစ်ကျစေသည့်ပစ္စည်းများ၊ အာကာသလွန်းပျံ သယ်ဆောင်သည့်ယာဉ်နှင့် ကမ္ဘာတွင်တစ်ထပ်တည်းဖြင့် တည်ဆောက် ထားသေ ာယာဉ်တပ်ဆင်အဆောက်အဦး တို့ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ကနေဒီအာ ကာသစင်တာသည် အာကာသလွန်းပျံအတ္တလန္တိတ် (Space Shuttle Antantis) မှ အငြိမ်းစားတို့၏ နေထိုင်ရာနေရာလည်းဖြစ်သည်။ ကျောင်းသူ/သားများသည် လကမ္ဘာဒုံးပျံအစစ်မှန် လကမ္ဘာဂြိုလ်ပတ်လမ်းကြောင်းတွင် လူသား၏ ပထမဦးဆုံးပစ်လွှတ်ခြင်းနှင့် ပထမဦးဆုံး လကမ္ဘာမြေပေါ်တွင် ခြေချနိုင်မှုတို့ကို အံ့မခန်းဖွယ် ApolloSaturn VCenterသို့ လည်ပတ်သည့်အခါ တွင် တွေ့မြင်ရပါမည်။လကမ္ဘာပေါ်တွင ်သွားသည့်ယာဉ်နှင့် လအစိတ်အပိုင်းနမှုနာများကိုလဲ SaturnVCenterတွင် ခင်းကျင်းပြသထားသည်ကို တွေ့မြင်ရပါမည်။ အာကာသသို့သွားလာခြင်းနှင့် ပတ်သက်သည့် အတွေးအခေါ်ယူဆမှုကို NASAရှိ ပညာသင်ကြားပေးသူများမှ ကနေဦးဒုံးပျံဥယျာဉ်  (RocketGarden) နှင့် အာကာသ ကမ္ဘာခရီးစဉ်ကို ပထမဦးဆုံးစူး စမ်းရှာဖွေခြင်း (EarlySpaceExploreTour)ဆီသို့ လမ်းညွန်ပြသခြင်းအားဖြင့်မိတ်ဆက်ပေးပါမည်။ ကျောင်းသူ/သားများသည် ဒုံးပျံများ၊အာကာသယာဉ်များ၊ အာကာသအတွင်းသွားလာရာတွင် အသုံးပြုသည့် ယာဉ်တို့ကို တွေ့ကြုံခံစားရင်း ဓာတ်ပုံများလည်းရိုက်ကူးနိုင်ပါသည်။ ထို့ အပြင် ကနေဦးအာကာသယာဉ်သူရဲကောင်းများ၏ အကြောင်းများကို နားထောင်ရင်း မာကျုရီ(Mercury) ဂျီမီနီ(Gemini)နှင့် အာပိုလို(Apollo) အစီအစဉ်များတွင် အာကာသဝတ်စုံများကိုလည်း တွေ့မြင်ရမှာဖြစ်ပြီး ဓာတ်ပုံများလည်းရယူနိုင်ပါသည်။

အာကာသယာဉ်မှူး တစ်ယောက်၏ တင်ပြမှူ။

ကျောင်းသူ/သားများသည် နာဆာ(NASA)မှ အာကာသယာဉ်မှူးတစ်ယောက်နှင့် တွေ့ဆုံခွင့်ရကြမည်ဖြစ်ပြီး၊၎င်းက မိမိ၏ အာကာသခရီးစဉ်အတွေ့ကြုံများကို ပြောဆိုတင်ပြပြီး အာကာသလောက၏ အနာဂတ်စူးစမ်းလေ့လာမူ အကြောင်းကို ရှင်းလင်းပြောပြပါမည်။ ကျောင်းသူ/သားများအနေဖြင့် အာကာသယာဉ်မှူးအား မိမိတို့ မေးမြန်းလိုသောအကြောင်း  အရာတို့ကို မေးမြန်းခွင့်ရပါမည်။ အာကာသယာဉ်မှူး သင်တန်းအတွေ့ကြုံ၊ ကျောင်းသူ/သားများသည် အာကာသယာဉ်မှူး တစ်ယောက်ကဲ့သို့ တစ်ရက်တာလှုပ်ရှား သွားလာကြ  ရပါမည်။ ကျောင်းသူ/သားများသည် Mercury,Gemini,Apollo နှင့် အာကာသလွန်းပျံတို့၏ ပရိုဂရမ် တို့ကိုအခြေခံပြီး အာကာသယာဉ်မှူးများ အာကာသယာဉ်သို့ ပစ်လွှတ် ခြင်းမပြုမီ တွေ့ကြုံရသော လှုပ်ရှားမှုပါသော အတွေ့ကြုံတို့ကို ဖန်တီးပြုလုပ်ထားသည့် စက်ဖြင့်တွေ့ကြုံခံစားရပါမည်။ထို့သို့ စက်ဖြင့် ပြုလုပ်ဖန်တီးထားသည့် အတွေ့အကြုံ အချို့တို့မှာ Mutli-Axis trainer, Micro-Gravity Wall နှင့် T-Chair(trajectory)တို့ပင် ဖြစ်သည်။ သင်တန်းပြီးဆုံး သည့်အခါ ကျောင်းသူ/သားတို့သည် အာကာသလွန်းပျံတခု အာကာသလောကသို့ ပစ်လွှတ်သည့် အတွေ့အကြုံ အား အပြည့်အ၀ ခံစားနိုင်မည်ဖြစ်သည်။ ကျောင်းသူ/သားများသည် ဒုံးပျံပစ်လွှတ်သည့် အတွေ့အကြုံတို့ကို     အမှန်တကယ် အာကာသသို့ ရောက်ရှိသည့်အလား ဖန်တီးထားသည်ကိုတွေ့ကြုံရပါမည်။

ပရောဂျက်များ

ကျောင်းသူ/သားများသည် အဖွဲ့ငယ်လေးများအဖြစ် အုပ်စုခွဲပြီး အင်ဂျီနီယာပိုင်းဆိုင်ရာ အခက်အခဲ၊ စိန်ခေါ်မှုများကို တင်ပြဆွေးနွေးရပါမည်။

ထိုသို့ ဆွေးနွေးတင်ပြရမည့်အရာများမှာ-

အနာဂတ်တွင်အသုံးပြုလာမည့်အာကာသယာဉ်ပုံစံရေးဆွဲတည်ဆောက်ခြင်း၊ ဒုံးပျံယာဉ်ပုံစံရေးဆွဲတည်ဆောက်ခြင်း၊ အာကာသယာဉ်မှူး တစ်ယောက်ကို အသုံးပြုလျှက် အာကာသဝန်ထမ်း သယ်ဆောင်ယာဉ်မြေပြင်ပေါ်တွင် အန္တရာယ်ကင်းစွာ ဆင်းသက်လာသည့်ပုံစံတို့ကို ရေးဆွဲတည်ဆောက်ခြင်းပင်ဖြစ်သည်။

သင်တန်းဆင်းပွဲ

သုံးရက်တိုင်တိုင် သင်တန်းတက်ရောက်ခြင်း၏ အထွက်အထိပ်သည် သင်တန်းဆင်းပွဲပင်ဖြစ်သည်။ သင်တန်းဆင်းပွဲတွင် တစ်ဦးချင်းအား သင်တန်းတက်မြောက်အောင်မြင်ခြင်း ပြီးစီးကြောင်း သင်တန်းဆင်းလက်မှတ်ဖြင့် ချီးမြှင့်မည်ဖြစ်သည်။

အပြည်ပြည်ဆိုင် ကနေဒီအာကာသစင်တာစခန်းသည် မနက် (၉း၀၀) အချိန်တွင် Kennedy Space Center Visitor Complex, Kennedy Space Center, Florida 32899 တွင်စတင်ဖွင့်လှစ်ပါမည်။ အစီအစဉ်အပြောင်းအလဲမရှိပါက ညနေ (၄း၀၀)နာရီနှင့် (၄း၃၀) နာရီကြားအချိန်တွင်    Kennedy Space Centre Visitor Complex တွင်တစ်ရက်တာ အတွက်အချိန်ကုန်ဆုံးပါမည်။

*အထက်တွင်ဖော်ပြခဲ့သည့် နမူုနာအစီအစဉ်သည် KSC အသုံးပြုမှု၊ ဧည့်သည်များခြံဝင်းအသုံးပြုမှု၊ ပစ်လွှတ်ခြင်းနှင့် အထူးပွဲတော်များ အပေါ်မူတည်၍ အပြောင်းအလဲရှိ နိုင်ပါသည်။ KSCသည်စွမ်းအားကြီးပြီး အမြဲလိုပင် အာကာသ ပစ်လွတ်မှုဆိုင်ရာ အသုံးပြုသော အဆောက်အဦးကြီးပင်ဖြစ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သည့် activities အားလုံးပါဝင်နိုင် ရန် အစွမ်းကုန်ကြိုးစားပါမည်။ သို့သော်လည်း အသုံးပြုမှုနှင့်လိုအပ်မှုပိုင်းဆိုင်ရာ အပေါ်မူတည်၍ activities များကို မတူညီ သောအစီအစဉ်ဖြင့် တင်ဆက်ရန် ဖြစ်လာနိင်ပါသည်။

သတ်မှတ်ချက်၊ အ​ခြေအနေများနှင့် booking ပြုလုပ်ခြင်းမူဝါဒများ(ပေါ်လစီများ)

KSC.,Inc(ယခုမှစ၍ “ကျွနု်ပ်တို့”၊ “ကျွနု်ပ်တို့၏” သို့မဟုတ် “ကျွနု်ပ်တို့ကို” ဟု အသုံးပြုပါမည်။) DNCဥယျာဉ်များ နှင့် အပန်းဖြေနေရာတို့ရှိ အောက်ပါသတ်မှတ်ချက်များနှင့် အခြေအနေများသည် သင်၏ booking ပြုလုပ်ခြင်း အတွက် အကျိုးသက်ရောက်စေပါသည်။ ထို့ကြောင့် သင်၏ booking ပြုလုပ်ခြင်းသည် ကျွနု်ပ်တို့၏ သတ်မှတ်ချက်များနှင့်အခြေ အနေတို့ကို သဘောတူ အသိအမှတ်ပြုမှုအဖြစ် အကျိူးသက်ရောက်စေသည်။ အကယ်၍ ဤ booking နှင့်ပက်သက်၍ တရားမဝင်လိမ်လည်မှု(အတု) တစ်စုံတစ်ရာတွေ့ရှိ (သို့) သိရှိခဲ့မည်ဆိုပါက အချိန်မရွေး ထိုbooking အား ကျွနု်ပ်တို့မှ ပယ်ဖျက်ခွင့်ရှိသည်။ လစ်လပ်နေသည့် နေရာအတွက် ကြိုတင်စရံငွေပေးချေပြီးမှသာလျှင် အတည်ပြုပေးပါမည်။ ထိုကြိုတင်ပေးချေသည့် စရံငွေကို ပြန်အမ်းမည်မဟုတ်ပါ။ အပြည်ပြည်ဆိုင်ရာစခန်း စတင်သည့်နေ့ မတိုင်မီ ရက်သတ္တပတ်(၄) ရက်အလိုတွင် ကျန်ငွေပေးချေမှုမရှိပါက booking ထားရှိမှုသည် အလိုအလျောက် ရုတ်သိမ်းခြင်းခံရပါမည်။ စရံငွေကိုလည်း ပြန်အမ်းမည်မဟုတ်ပါ။ ဖော်ပြပါရက်တွင ်ရောက်ရှိလာခြင်းမရှိပါက သင်၏ booking ထားရှိခြင်းသည် ပျက်ပြယ်သွားမည်ဖြစ်ပြီး ပြန်အမ်းငွေလည်းရရှိမည် မဟုတ်ပါ။ ကျွှနု်ပ်တို့၏ စာရင်းပယ်ဖျက်ခြင်း/အပြောင်းအလဲပြုလုပ်ခြင်း မှုဝါဒတို့ကို သတ်မှတ်ထားသည့်အတိုင်း တင်းကြပ်စွာလိုက်နာပြီး ချို့ယွင်းချက်များမရှိစေရပါ။ ပယ်ဖျက်ခြင်းနှင့်ပက်သက်၍ စာရေး၍တင်ပြရပါမည်။ ဖျားနာ၍(သို့) ထိခိုက်မှုတစ်ခုခုကြောင့်ဖြစ်ပါက သက်ဆိုင်ရာ ဆရာဝန်မှ ဖော်ပြထောက်ခံချက် အကြောင်းအရာစာ ပါရှိရပါမည်။ ထိုထောက်ခံချက် အကြောင်းအရာအားဖြင့် ပြန်အမ်းငွေကို စီစဉ်ပေးပါမည်။ သို့သော်၊ အားလုံးအပြည့်အဝမဟုတ်ပါ။ ကိုယ်ရေးကိုယ်တာကိစ္စ စသည်တို့ကြောင့် ဖျက်ပယ်ခြင်းတို့အား ရမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အကယ်၍ သင်တန်းတက်ရောက်မည့်သူ လူဦးရေ မလုံလောက်ပါက သင်တန်းရက်စွဲကို ပယ်ဖျက်ခွင့်ရှိသည်။ ထိုသို့သောအခြေအနေတွင် သင်သည် နောက်သင်တန်းရက်ကို ရွေးချယ်နိုင်သည်။ သို့မဟုတ် သင်ပေးသွင်းထားသော ကျောင်းလခအပြည့်အဝကို ပြန်လည်ထုတ်ယူနိုင်သည်။ အကယ်၍ လေကြာင်းလိုင်းသိပ ္ပံ(National Aeronautics)နှင့် အာကာသစီမံခန့်ခွဲမှု (Space Administration (NASA)တို့မှ ဒုံပျံပစ်လွှတ်မည့် အစီအစဉ်(သို့) အစိုးရဆိုင်ရာကိစ္စ တစ်ခုခု သင်တန်းရက်အတွင်း  ကျရောက်လာပါက ကျွန်ုပ်တို့အနေဖြင့် (၂၄)နာရီအတွင်း အသိပေး သင်တန်းနှင့် သဘောတူညီမှုတို့ကို ဖျက်ပယ်ခွင့်ရှိသည်။ ဤသို့သော အခြေအနေတွင် ကျွန်ုပ်တို့၏ အဓိက လုပ်ဆောင်ရမည့်အရာနှင့် တာဝန်တွင် ပေးသွင်းထားသော ငွေကြေးများကို စာချုပ်ပါအတိုင်း အမ်းငွေပေးရန်ဖြစ်ပါသည်။ ဤစာချုပ်တွင် ဖော်ပြပါရှိခြင်း မရှိသော နောက်ဆက်တွဲ အကျိုးသက်ရောက်မှု၊ အများစံထားထိုက်သောပြစ်ဒဏ်၊ အထူးဖြစ်ရပ်တစ်ခုခု၊ မတော်တဆမှုနှင့် ပြစ်ဒဏ်သင့်စေသော ဆုံးရှုံးမှု တစ်စုံတစ်ရာအတွက် လုံးဝတာဝန်မရှိပါ။ အကယ်၌ ဤကိစ္စမျိုးပေါ်ပေါက်လာပါက ကျွန်ုပ်တို့အနေဖြင့် သင်တန်းဖြစ်မြောက်ရန် အတတ်နိုင်ဆုံး စီစဉ်လုပ်ဆောင်ပေးပါမည်။ သို့သော်လည်း အခြားသောနေရာများတွင် ရွေးချယ်ကျင်းပခြင်း၊ သို့မဟုတ် ဖော်ပြထားသောအချို့ activities များ ပါရှိလုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ဖော်ပြပါ အခြေအနေမျိုးတွင် ပြန်လျှော်ကြေးရမည် မဟုတ်ပါ။ ဖျော်ဖြေတင်ဆက်မှု မဖြစ်မြောက်ခြင်း၊ တင်ဆက်ဖျော်ဖြေမှု မပြုသောဘက်၌်သော်လည်းကောင်း ထိန်းသိမ်ရန် လက်လှမ်းမမီသော အခြေအနေများကြောင့် ဖျော်ဖြေတင်ဆက်မှု ပျက်ကွက်ခဲ့ခြင်း၊ ကန့်သတ်မဲ့အပါအဝင်၊ ဘုရား၏လုပ်ဆောင်မှု၊ စစ်ဘေး၊ ဘေးအန္တရယ်၊ ဆန္ဒပြ သပိတ်မှောက်ခြင်း၊ မတော်တဆထိခိုက်မှုဖြစ်ခြင်း၊ အကြမ်းဖက်မှုတစ်ခုခုကြောင့် ဖလော်ရီဒါသို့ အသွားအလာ မလုပ်နိုင်ခြင်း၊ သို့မဟုတ် အစိုးရနှင့်ပတ်သက်၍ ဖျော်ဖြေတင်ဆက်မှုကို မပြုလုပ်နိုင်ခြင်းတို့အတွက် နှစ်ဦးနှစ်ဖက်စလုံးတွင်၊တာဝန်မရှိပါ။ KSC အော်ပရေးရှင်း(စစ်ဆေးရေး)၊ ဧည့်သည်များ ခြံဝင်းအော်ပရေးရှင်း၊ပစ်လွတ်ခြင်းနှင့် အထူးကျင်းပပြုလုပ်သည့် ပြပွဲများအပေါ် မူတည်၍ KSC အပြည်ပြည်ဆိုင်ရာ စခန်းအစီအစဉ်များ အပြောင်းအလဲရှိနိုင်ပါသည်။ KSC စွမ်းအားကြီးပြီး အမြဲလိုပင် အာကာသပစ်လွှတ်မှုဆိုင်ရာ ကျင်းပအသုံးပြုသော အဆောက်အဦးဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့် activities အားလုံးပါဝင်နိုင်ရန် အစွမ်းကုန်ကြိုးစားပါမည်။ သို့သော်လည်း အသုံးပြုမှုနှင့် လိုအပ်မှုပိုင်းဆိုင်ရာပေါ် မူတည်၍ activities များကို မတူညီသောအစီအစဉ်ဖြင့် တင်ဆက်ရန် ဖြစ်လာနိုင်ပါသည်။

 

Contact us

We're not around right now. But you can send us an email and we'll get back to you, asap.

Questions, issues or concerns? I'd love to help you!

Click ENTER to chat