• +95 1 230 2627, +95 9 421 165 214

Holy Land Tour (Egypt, Israel, Palestine, Jordan 11days 10nights Tour Package)

Holy Land Tour         (Egypt, Israel, Palestine, Jordan 11days 10nights Tour Package)

About Tour

Tour Destination: Yangon - Jordan - Egypt - Israel - Palestine

Tour Duration : သမာကျမ်းစာဒေသသို့ သွားရောက်လေ့လာခြင်း ၁၁ရက်တာခရီးစဉ်

Tour Duration : U$ 2370

နေ့ ၁- ရန်ကုန် – ဒိုဟာ – အီဂျစ်

နေ့ ၂- ပိရမစ်၊ အီဂျစ်ရှေးဟောင်းပြတိုက်၊ ကော့တစ်ဘုရားကျောင်းများ၊ စူးအပ်တူးမြောင်း

နေ့ ၃- ရှမ်အယ်ရှိတ်၊ စိမ့်ကတ်သရင်းဘုန်းတော်ကြီးကျောင်း၊ သိနတောင်

နေ့ ၄- ကိုရမ်၊ တာဘာယေရိခေါ၊ ပင်လယ်သေ

နေ့ ၅- သံလွင်တောင် ၊ဝေသရှေမန်၊ဗက်လင်

နေ့ ၆- ယေရုရှလင်မြို့ဟောင်း၊ ဗေသန

နေ့ ၇- တောင်ပေါ်ဒေသနာဟောကြားရာတောင်၊ ကပေရနောင်၊ဂါလိလဲအိုင်၊ ဟိုင်ဖာ၊ အိန်တာရမ်

နေ့ ၈- နာဇရက်၊ ကာန

နေ့ ၉- နေဗောတောင်

နေ့၁၀- အမန်၊ ဈေးဝယ်ထွက်ခြင်း

နေ့၁၁- ဒိုဟာမှရန်ကုန်သို့

Day 1 ရန်ကုန်-ဒိုဟာ-အီဂျစ်

ရန်ကုန်မှဒိုဟာနိုင်ငံမှတဆင့် အီဂျစ်နိုင်ငံကိုင်ရိုလေဆိပ်သို့ရောက်ရှိကာ Nail Cruise သို့တိုက်ရိုက်သွားပြီး မမေ့နိုင်စရာရိုးရာအလှ၊ အကပဒေသာများကိုရှုစားလေ့လာပါမည်။ ထို့နောက်ညစာစားပါသည်။ ကိုင်ရိုဟိုတယ်တွင်ညအိပ်ပါမည်။

Day 2 ပိရမစ်၊ အီဂျစ်ရှေးဟောင်းပြတိုက်၊ ကော့တစ်ဘုရားကျောင်းများ၊ စူးအပ်တူးမြောင်း

ဟိုတယ်တွင် မနက်စားပီနောက် ဗီဇာရှိပိရမစ်သို့သွား၍ ရှေ့ဟောင်းအရာများထဲမှ အံဖွယ်ရာများကျန်ရှိခဲ့သော တစ်ခုတည်းသောအရာဖြစ်သည်။ ထိုနေရာတွင် ထင်ရှားကျော်ကြားလှသော ပိရမစ်များနှင့် အမှတ်တရပုံများရိုက်ခွင့်ရပါမည်။
ပိရမစ်အနားတွင် စဖင့်ရုပ်တုကြီးသို့သွားပါမည်။ အီဂျစ်အမွှေးနံ့သာအရောင်း ဆိုင်များကိုလေ့လာပါမည်။ ကျော်ကြားလှသော အီဂျစ်ပြတိုက်ကိုသွားပါမည်။ သွားပါမည်။ ရှေးဟောင်းပစ္စည်းများနှစ်ပေါင်း၂၅၀၀၀၀ ကျော်ကရှေးဟောင်း
အီဂျစ်သမိုင်းကို ခင်းကျင်းပြသထားပါမည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ လောက်က တည်ရှိခဲ့သော ကိုင်ရိုမြို့ဟောင်းကိုသွားပြီး Abu Serge Church သန့်ရှင်းသော မိသားစု(မာရိ၊ယောသပ်၊ယေရှု) အီဂျစ်မှာနေထိုင်ခဲ့ရာအရပ်တွင် တည်ဆောက်ထားသည်။ နေ့လည်စာစားပြီး အာဖရိကနှင့် အာရှပိုင်းခြားထား သည့် စူးအတ်မြောင်းမှတဆင့် ဧလိမ်ရွာ(ထွက် ၁၅း၂၇) ရေဖိဒိမ်(ထွက် ၁၇း၈-၁၃) မောရှေနှင့်ဂျူးလူမျိုးများ ထွက်မြောက်ရာပင်လယ်နီကိုလည်းတွေ့ရ
မည်။ လမ်းတွင်မောရှ၏စမ်းရေထွက်ရာအရပ် (ခါးသောရေထွက်ရာမာရအရပ်) (ထွက် ၁၅း၂၂-၂၅)ကိုဝင်ပါမည်။ ရှမ်အယ်ရှိတ်ဟိုတယ်တွင်ညအိပ်ပါမည်။

Day 3 ရှမ်အယ်ရှိတ်၊ စိမ့်ကတ်သရင်းဘုန်းတော်ကြီးကျောင်း၊ သိနတောင်

ဟိုတယ်တွင် မနက်စာစားပြီး သိနတောင် စိမ့်ကတ်သရင်း ဘုန်းတော်ကြီးကျောင်းသို့ သွားပါမည်။ ထိုနေရာသည် မောရှေမား ဘုရားသခင် နိမိတ်လက္ခဏာပြရာ မီးလောင်ရာချူံ အဖိုးထိုက်တန်လှသော ရှေးဟောင်းကျမ်းစာလိပ်နှင့်၊ မောရှေပညတ်
တော်ဆယ်ပါးကို လက်ခံရယူခဲ့သည့် သိနတောင်ကိုသွားပါမည်။ ထိုနောက် တောင်တက်ရာလမ်းတွင် ရွှေဖြင့်ပြုလုပ်ထားသော
နွားသူငယ်ရုပ်ထုပူဇော်ရာနေရာ၊ ယောရှုစောင့်ဆိုင်းရာနေရာ၊ စိမ့်ကတ်သရင်းရှိ သြသိုဒေါ့စ် ခရစ်ယာန်များတ်ညထောင်ခဲ့
ခြင်းဖြစ်ပြီး ရှေးအကျဆုံး ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဖြစ်သည်။ (ထွက် ၂၀း-၁-၁၇၊ ထွက် ၃၁း၁၈)။ အီဂျစ်သိန (ဆိုင်းနိုင်း) ကျွန်းဆွယ်တောင်ဘက်ရှိသော မမြင့် ၂၂၈၀ မီတာမြင့်သောတောင်ကို ဝတ်ပြုကိုးကွယ်ပါမည်။ တာဘာတွင် အိပ်စက်အနားယူပါမည်။ ညစာကို ဟိုတယ်တွင် စားပြီး အိပ်စက်အနားယူပါမည်။

Day 4 ကိုရမ်၊ တာဘာယေရိခေါ၊ ပင်လယ်သေ

ဟိုတယ်တွင် မနက်စာစားပြီးနောက် တာဘာနယ်စပ်ကိုကျော်ဖြတ်ြပီး သာယာလှပသော ပင်လယ်နီကမ်းခြေ Eilat မြို့ ကိုဖြတ်သွားပါမည်။ သောဒုံနှင့်ဂေါမောရ၊ လောတမိန်းမဆားတိုင်ဖြစ်သွားရာ (Pillar Of Salt) ကို သွားဆက်သွားပါမည်။ ပင်လယ်သေကမ်းခြေသို့ သွားပြီး ရေပေါ်တွင် ပေါလောမျောကြမည်။ ကမ္ဘာပေါ်တွင် အနိမ့်ဆုံး ခြောက်သွေ့သောမြေနေရာလည်းဖြစ်သည်။ ရေစီးထွက်ရာမရှိပါ။ သတ္တု ဓာတ်မြင့်ပြီး (ယေဇကျေ ၄၇း-၈-၁၀)၊ ကုန်ရမ်ဂူကိုမြင်ရပါမည်။ ထိုနေရာတွင် ရှေးဟောင်းကျမ်းစာလိပ် ၈၅၀ ကိုတွေ့ ရှိခဲ့သည်။ သွားဖို့ခက်ခဲသောနေရာဖြစ်သည်။ ယောဒန်မြစ်ဝှမ်းမှတဆင့် ယေရိခေါမြို့သို့သွားပါမည်။ ထို့မြို့သည် ကမ္ဘာပေါ်တွင် ရှေ့ အကျဆုံးမြို့တစ်မြို့ဖြစ်သည်။ Qrata နှင့် နှစ်ရာချီရှိသော Sycamore Tree ကို လေ့လာပါမည်။ အရပ်ပုရှာသော အခွန်ခံဇက်ကဲဟာ လူအုပ်ကြီးများထဲမှ သခင်ယေရှုကို မြင်တွေ့ နိုင်ဖို့ Sycamore Tree ပေါ်တက်ြပီး ကြည့်ရပါသည်။ ယေရိခေါ၏ အနောက်မြောက်ဘက် ၅ ကီလိုမီတာအကွာတွင် သခင်ယေရှု စုံစမ်းသွေးဆောင်ခြင်းခံရာတောင်သို့သွားပါမည်။ အစဉ်အလာအရ သခင်ယေရှုသည် စာတန်၏ စုံစမ်းနှောက်ယှက်ခြင်းကို ရက်ပေါင်း ၄၀ ခံယူခဲ့သောနေရာလို့လက်ခံထားသည် (မဿဲ ၄း၁-၁၁၊ လုကာ ၄း၁-၁၃) ဗက်လင်မြို့တွင်ညအိပ်ပါမည်။

Day 5 သံလွင်တောင်၊ ဂေသရှေမန်၊ ဗက်လင်

ဟိုတယ်တွင်မနက်စာစားပြီး သံလွင်တောင်သို့သွားပါမည်။ သခင်ယေရှုကောင်းကင်သို့ တက်ကြွရာနေရာဖြစ်သည် (တမန် ၁)။ ကင်ဒရုတ်ချိုင့်ဝှမ်းနှင့် ငြိမ်းသက်ခြင်းအရှင် (ယေဇ ၄၄) မြို့တော်တွင်းဝင်ရောက်ရာ အရှေ့တံခါးကိုကြည့်ရှုပါမည်။ ကောင်းကင်ဘုံတက်ကြွရာဗိမာန်တော် (Church of Ascension)၊ Pater Noster Church ကို ဖြတ်ပြီးသခင်ယေရှုငိုကြွေးရာ (Dominus Flevit) ကို သွားပါမည်။ သန့်ရှင်းရာမြို့ တော်ကိုသွားမည်။ ဂေသရှေမန်ကနေ သံလွင်ခတ်တနင်္ဂနွေလမ်းမတစ်လျှောက် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ က သံလွင်ပင်တွေ့ သောအခါ သခင်ယေရှုခေတ်အချိန်သို့ ပြန်လည်ရောက်ရှိသွားသည်။
Basilica of The Agony ဘုရားကျောင်းနှင့် စိန့်မေရီဂူသည် မြေအောက်ဗိမာန်တော်တွေဖြစ်ပြီး ခရစ်ယာန်အစဉ်
အလာစကားအရ သခင်ယေရှုမယ်တော်မာရိကို မြှုပ်နှံရာလို့ဆိုသည်။ တာယဖရဲ့အိမ်တော် (House of Caipas) မှာ သခင်ယေရှုကို ပေတရုက သုံးကြိမ်ငြင်းပယ်ခဲ့ပြီး သခင်ယေရူကိုဖမ်းဆီး အကျဉ်းချခဲ့သည်။ ဇိအုံတောင်ကိုသွားပြီး သခင်ယေရူ နောက်ဆုံးညစာစားရာအထက်ခန်း (လုကာ၂၂) ကိုသွားမည်။ ဒါဝိဒ်၏အုတ်ဂူနှင့် Dormition Abbey သို့သွားမည်။ Cenacle Room မှာ ကနေဦးခရစ်ယာန်အသင်းတော်၏ အဓိကအဖြစ်ပျက်ကြီးနှစ်ခု ဖြစ်ပေါ်ခဲ့သည်။ တပည့်တော်များ နောက်ဆုံးညစာစားခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းကိုခံယူရရှိပြီး ယုဒဒေသတွေကို ထွက်ခွာခဲ့ကြသည်။
Galicantu က စိမ့်ပီတာသည် ညှဉ်းပန်းနှိပ်စက်ခြင်း ပြင်းစွာခံရသော အသင်းတော်ထဲတွင် တပါးဖြစ်ပြီး တမန်တော်ပေတရုသည် သခင်ယေရူကို သုံးကြိမ်ငြင်းဆိုခဲ့သောကြောင့် နောင်တရခဲ့သည်။ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရူနှင့် ပြန်လည်မိတ်သယာယဖွဲ့သည်။ ဗက်လင်မြို့ရှိ Church of Nativity (လုကာ ၂း၁၇) ကို သွားမည်။ သိုးထိန်းများ၏ကွင်းပြင်(လုကာ ၂း၈၂၀) ကို သွားမည်။ ထိုနေရာတွင် ကောင်းကင်တမန်တော်များ ထင်ရှားပေါ်ထွန်းပြီး သခင်ယေရူဖွားမြင်တော်မူကြောင်း ကြွေးကြော်သည်။ စိန့်ဂျရုမ်း သမ္မာကျမ်းစာကို ဟေဗြဲဘာသာကနေ ပြန်ဆိုခဲ့ရာ St.Jeromes Grotto ကိုသွားမည်။ ဗက်လင်မြို့ တွင်ညစာစားပြီနောက် ဟိုတယ်တွင် ပြန်လည်အိပ်စက်အနားယူပါမည်။ ၀တ်ပြုခြင်းအစီစဉ်အား ဂေသရှေမန်တွင်ပြုလုပ်ပါမည်။

Day 6 ယေရုရှလင်မြို့ဟောင်း၊ ဗေသနိ

ဟိုတယ်တွင် မနက်စာစားပြီနောက် ယေရုရှလင်မြို့ဟောင်းသို့ သွားပါမည်။ ဥယျာဉ်တော်အုတ်ဂူ (Garden Tomb) သို့သွားပြီး ရှင်ပြန်ထမြောက်ခြင်းအား ၀တ်ပြုဆုတောင်းအောင်ပွဲခံခဲ့သော (လုကာ ၂၃)၊ St.Anne Church နှင့် Pool of Bethesda သို့သွားပါမည်။ ကားတိုင်လမ်း (Via Dolorosa) ကိုတွေ့ ရမည်။ ပိလက်မင်းတရားစီရင်ခဲ့နေသောနေရာ (Church Of Flagellation)၊ Church of the Holy Sepulcher (မဿဲ ၂၇း၃၃-၅၇၊ မဿဲ ၂၈း၁၀) ကိုသွားမည်။ ယေရုရှလင်မြို့ဟောင်းရှိ ကရာနီ၊ ဂေါလဂေါသ၊ အနောက်တံတိုင်း (ငိုကြွေးမြည်တမ်းရာတံတိုင်း) ကိုသွားမည်။ မြို့ငယ်လေးတခုဖြစ်သော ဗေသနိသို့ သွားရောက်ပါမည်။ ထိုနေရာသည် သံလွင်တောင်အရှေ့ကုန်းဆင်းမှာရှိပြီး ယေရုရှလင်မှ ၃ ကီလိုမီတာအကွာတွင်ရှိသည်။ ထိုနေရာသည် သခင်ယေရှုနှစ်သက်သော အနားယူအပန်းဖြေရာ နေရာတခုလည်းဖြစ်သည်။ မာရိ၊ မာသနှင့် လာဇရုတို့အိမ်က (လုကာ၁၀း၃၈-၄၂)၊ ယောဟန်၁၁း၁ ၄၄)သွားလည်ပါမည်။ လာဇရုသချိုင်းဂူကို သွားရောက်ပါမည်။ ဗက်လင်မြို့သိုပြန်ပြီး ဟိုတယ်တွင်ညစာစားပြီနောက် ဟိုတယ်တွင်ပြန်လာအနားယူအိပ်စက်ပါမည်။

Day 7 တောင်ပေါ်ဒေသနာဟောကြားရာတောင်၊ ကပေရနောင်၊ ဂါလိလဲအိုင်၊ ဟိုင်ဖာ၊ အိန်တာရမ်

ကဲသရိ (Caesarea Maritima) (တမန် ၉း၃၀၊ တမန်၁၀း၂၄-၄၈) ကိုတွေ့ ရှိရမည်။ ကနဦးခရစ်ယာန်တွေ၏ အဓိကနေရာဖြစ်ပြီး ရောမအုပ်စိုးချိန် ယုဒနယ်၏မြို့တော်ဖြစ်သည်။ ရောမများ၏ ရှေးဟောင်းလက်ရာများရှိရာ၊ ဇာတ်ရုံ၊ ရေပြွန်တွေရှိရာ မြို့တော်ဖြစ်ပြီး ရှင်ပေါလု ရောမကိုမရောက်ခင် ဘုရင်ဖေတ္တု တ်၊ အပြိပ္ပ တို့ကို (တမန် ၂၅း၊တမန် ၂၆) ခုခံချေပပြောဆိုခဲ့ရာ ဖြစ်သည်။ ဂျက်ဖာမြို့ကိုသွားမည်။ ကမ္ဘာ့ရှေးအကျဆုံး ဆိပ်ကမ်းမြို့သော်လည်းကောင်း ယုံကြည်ကြသည်။ စိန့်ပေတရုဘုရားကျောင်းများ ကိုလေ့လာပါမည်။ ဂျက်ဖာကုန်းထက်က တလ်အဗစ်မြို့ရှုခင်းကိုလည်း ကြည့်ပါမည်။ ရှင်ပေတရုဘုရားကျောင်းသည် ကောင်းကင်က ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ ကျလာသောအရာကို ပေတရုရူပါရုံရရှိခဲ့သည်ဟု အစဉ်အလာအရ လက်ခံထားသည်။ ပေတရုသည် ယုဒ္စကယုပွေ (ဂျက်ဖာ-ဂျိုဖာ) ကို သွားပြီး တဗိသ (ဒေါ်တာ) သေခြင်းပြန်လည်ရှင်စေခဲ့သည်။ (တမန် ၉း၃၆-၄၂) ဂျက်ဖာ (ယုပွေ) မှာ တမန်တော်များနေထိုင်ရာ ရှိမုန်သားရေလုပ်သားအိမ် (Simon The Tanner) (တမန် ၉း၄၃) က သွားလည်ပါမည်။ တာမယ်တောင်ခြေတွင် တည်ထောင်ထားသော Israel မြို့၏ အကြီးဆုံးဆိပ်ကမ်းမြို့ ဟိုင်ဖာကိုသွားပါမည်။ သာယာလှပသော ပါရှင်းဥယျာဉ်ပျံတော်သို့သွားပြီး အနားယူအပန်းဖြေပါမည်။ ဟိုင်ဖာနှင့် Bahai Shrine ကို ရောက်ရှိမည်။ စတယ်ဘာမာရစ်ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ပရောဖက်ဧလိယနေထိုင်ခဲ့ရာ လိုဏ်ဂူတွင် ဘုရားကျောင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ကမေရလတောင် (ကာမယ်လ်တောင်-မူကရာကာ) မှအနားယူပါမည်။
ပရောဖက်ဧလိယသည် မှားယွင်းသောပရောဖက်များကို စိန်ခေါ်ခဲ့ရာနေရာဖြစ်သည်။ သခင်ယေရူ အမူတော်စတင်ဆောင်
ရွက်ရာ ဂါလိလဲအိုင်ဝန်းကျင်ကို လည်ပတ်မည်။ ဂါလိလဲအိုင်တွင် လှေစီးပါမည်။ တောင်ပေါ်ဒေသနာတော်ဟောကြားရာ
တောင် (မဿဲ ၅၊ မဿဲ ၆၊ မဿဲ ၇၊ မဿဲ ၈) ကို လည်ပတ်ပါမည်။ ထိုနေရာတွင် သခင်ယေရူသည် တောင်ပေါ်ဒေသနာတော်ကို ဟောကြားခဲ့သည်။ ၁၉၃၉ခုနှစ်တွင် ဗိသုကာပညာရှင် အန်ကိုနီယိုဘာလပ်ဇီ တည်ဆောက်ခဲ့သော ဗိမာန်တော်နှင့် ထိုပတ်ဝန်းကျင်ကို လေ့လာပါမည်။ ကပေရနောင် (မဿဲ ၁၃၊ မဿဲ ၁၃း၅၄၊ မဿဲ ၁၇း၂၄၊ လုကာ၇ ၊ မာကု၁း၂၊ ယောဟန်၎း၄၆၊ ယောဟန်
၎း၅၄) ကိုသွားမည်။ ထိုနေရာတွင် သခင်ယေရူနေထိုင်ရာဖြစ် ယုံကြည်ပြီးအမူတော်လုပ်ငန်း၏ ဗဟိုချက်မဖြစ်သည်။ သခင်ယေရူ အမှုတော်ဆောင်ချိန်တွင် ကျန်ရှိနေသေးသော တရားဇရပ်ကိုလေ့လာပါမည်။ ထိုနေရာတွင် တန်ခိုးနိမိတ်လက္ခဏာများစွာ ပြုတော်မူသည်။ ကပေရနောင်သည် ပေတရုယောက္ခမနေထိုင်ရာဖြစ်ပြီး ထိုသူကို သခင်ယေရူ ကုသပေးခဲ့သည်။ သခင်ယေရူ၏ တရားဇရပ်နှင့် စိမ့်ပေရုအိမ်ကိုသွားမည်။ Primacy of Peter ကို သွားမည်။ သခင်ယေရူရှင်ပြန်ထမြောက်ပြီး တပည့်တော်များကို ကိုယ်ထင်ပြရာနေရာဖြစ်သည်။ တန်ခိုးတော်အားဖြင့်ငါး ၁၅၃ ကောင်ဖမ်းမိသည်။ တက်ဝါကိုသွားမည်။ ထိုနေရာသည်လူ ၅၀၀၀ ကို ကျွေးမွေးခဲ့ရာနေရာ၊ ပေတရုကို ကိုယ်ထင်ပြရာနေရာဖြစ်သည် ( မဿဲ ၁၃၊ မာကု၁း၃၃၊ မာကု၁း၃၅)
ယောဟန်၂း၁)။ ၄ ရာစုမိုဆတ်ကြမ်းခင်းနဲ့ တိုးပွားများပြားရာ ဗိမာန်တော်(Church of Multication) ကိုသွားပါမည်။

Day 8 နာဇရက်၊ကာန

ဟိုတယ်တွင် မနက်စားပြီနောက် သခင်ယေရူအိမ်ရှိရာ နာဇရက်မြို့သို့ သွားမည်။ မာရိနှင့် သူ့ခင်ပွန်းယောသပ်တို့၏ သန့်ရှင်းရာမိသားစုနေထိုင်ရာ နေရာဖြစ်သည်။ ဟေရုဒ်ရန်ကြောင့် အဲဂုတ္တုသို့ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ပြန်လည်နေထိုင်ရာဖြစ်သည်။ (လုကာ ၁း၂၆၊ လုကာ ၄း၁၆၊ လုကာ ၄း၂၉၊ မဿဲ ၂း၂၃) ထိုနေရာတွင်ရှိသော ဘုရားထံမှသတင်းစကားတို့ ခံယူရရှိရာ ဘုရားကျောင်း (Annunciation Church) မယ်တော်မာရိ၏ နေအိမ်၊ စိန့်ယောသပ်အလုပ်ရုံသို့ သွားရောက်လည်ပတ်ပါမည်။ ဟာနမြို့ ရှိ မင်္ဂလာဘုရားကျောင်း (Wedding Church) ကို သွားရောက်လည်ပတ်ပါမည်။ ထိုနေရာတွင် သခင်ယေရူသည် နိမိတ်လက္ခဏာကို ပြသခဲ့သည်။ မင်္ဂလာပွဲတွင် ရေမှစပျစ်ရည်အဖြစ်
ပြောင်းလဲစေခဲ့သည်။ (ယောဟန် ၂း၁၊ ၂း၁၁)။ ယောဒန်မြစ်ကိုလည်း သွားရောက်ပါမည်။ ထိုမြစ်သည် သခင်ယေရူဗတ္တိဇံမင်္ဂလာခံရာ အရပ် (မဿဲ ၃း၁၃-၁၇၊ မာကု ၁း၉-၁၁၊ လုကာ၃း၂၁-၂၂၊ ယောဟန် ၁း၂၉-၃၄) ဖြစ်သည်။ ယောဒန်မြစ်သည် ကျွန်ုပ်တို့၏ ဗတ္တိဇံမင်္ဂလာကို အသစ်တဖန် ပြန်လည်ပြုကြရမည်။ ထိုနောက်ညစာစားပြီး အနားယူအိပ်စက်ပါမည်။

Day 9 နေဗောတောင်

ဟိုတယ်တွင် မနက်စာစားပြီးနောက် ဧည့်လမ်းညွှန်မှ ရှက်ဟူစိန်နယ်စပ်မှာ စောင့်ကြိုနေမည်။ မာဒါဘာရှိ ၀ရိသြသို့ဒေါ့စ်
ဘုရားကျောင်း (စိန့်ဂျော့) သို့ သွားပါမည်။ ထို့နောက် ဆယ်မိနစ်အကွာတွင် မာဒါဘာအနောက်ဘက်ရှိ နေဗောတောင်သို့သွားပြီး ထိုနေရာတွင် မောရှေသည် ကတိတော်ထားရာမြေကို လေ့လာခွင့်ရရသော်လည်း ၀င်ရောက်ခွင့်မရခဲ့ပေ။ (တရား ၃၄း၅-၆) တွင်မောရှေသည် မောဘလွင်ပြင်တွင် ကွယ်လွန်ခဲ့သော်လည်း မောရှေအားမြုပ်သောနေရာအား အတိအကျမသိခဲ့ရပေ။ (လုကာ ၉း၂၈-၃၆) တွင်သခင်ယေရူသည် ထူးခြားသော အဆင်းအရောင်ပြောင်းလဲပြီး မောရှေ၊ ဧလိယတို့ အားမြင်တွေ့စေသည်။ ထိုမှတဆင့် ဟေရုတ်မင်းကြီး ဗတ္တိဇံဆရာယောဟန်ကို အကျဉ်ထောင်ချပြီး ခေါင်ဖြတ်ခဲ့သည့် တောင်ထိပ်ကိုသွားရောက်မည်။ ပြီးနောက် ဟိုတယ်သို့ပြန်လာပြီး ညစာစားကာ ပြန်လည်အနားယူအိပ်စက်ပါမည်။

Day 10 အမန်၊ဈေးဝယ်ထွက်ခြင်း

ဟိုတယ်တွင် မနက်စာစားပြီနောက် ဈေးဝယ်ထွက်ပါမည်။ ထိုမှတဆင့် ( ) တွင်လေယာဉ်ဖြင့် ဒိုဟာနိုင်ငံသို့ ဆက်လက်ထွက်ခွာလာပါမည်။

Day 11 ဒိုဟာမှရန်ကုန်သို့

ဒိုဟာနိုင်ငံမှ ( ) တွင်ထွက်ခွာပြီး ( ) transit ပြုလုပ်ပြီး ရန်ကုန်သို့ ( ) ပြန်လည်ရောက်ရှိပါမည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆာင်မှုများ

  • အပြည်ပြည်ဆိုင်ရာလေယာဉ်လက်မှတ်နှင့် လေဆိပ်အခွန်များ
  • ပြည်တွင်းလေကြောင်လက်မှတ်
  • ဗီဇာကြေးများ
  • 5 Stare (သို့) 4Star အဆင့်ရှိဟိုတယ်များ (နှစ်ယောက်အိပ်ခန်း)
  • လည်ပတ်မှုနှင့်လေဆိပ်ကြိုပို့များအတွက်Air Con ကား
  • ခရီးစဉ်တွင်ပါဝင်သည်ဟုဖော်ပြထားမနက်စာ/နေ့လည်/ညစာ
  • နေ့လည်စာ(၉)ကြိမ် ၊ညစာ (၉)ကြိမ် များနှင့်ရေသန့်ဘူးများ
  • ခရီးစဉ်တွင်ပါဝင်သောလည်ပတ်မူများအတွက်ဝင်ကြေးများ
  • အင်္ဂလိပ်စာစကားပြောဧည့်လမ်းညွှန်နှင့်မြန်မာတိုးလီဒါ

ခရီးစဉ်တွင်ပါဝင်သောဝန်ဆာင်မှုများ

  • အဝတ်လျှော်ခများ
  • အချိုရည်နှင့် အခြားစားသုံးမှုများ
  • ကိုယ္ပိုင္အသံုးစရိတ္မာ်း
  • ခရီးသွားအာမခံကြေးများ
  • အချိန်ပိုကြေးများနှင့် ခရီးစဉ်တွင်မပါဝင်သော အခြားလည်ပတ်မှုများနှင့် ဝင်ကြေးများ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအတွက်အပိုကြေးများ
Contact us

We're not around right now. But you can send us an email and we'll get back to you, asap.

Questions, issues or concerns? I'd love to help you!

Click ENTER to chat