• +95 1 230 2627, +95 9 421 165 214

Vietnam Tour Package

Vietnam Tour Package

About Tour

Tour Destination: Vietnam Tour Package

Tour Duration : 5 Days / 4 Nights

DAY 1: HANOI, ARRIVE & TRANSFER TO HOTEL (Meal –Dinner)

Hanoi (သို့) Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဗီယက်နမ် ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး ဟိုတယ်သို့ပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် ခဏတာ အနားယူပြီးနောက် ကားဖြင့် ဟနွိုင်းမြို့၏ ရှေးဟောင်း ရပ်ကွက် ကို ဖြတ်၍ Hanoi မြို့လယ်၌ တည်ရှိသောDong Xuan Market တွင် အမှတ်တရ ပစ္စ္စည်းများ ၀ယ်ယူပါမည်။ထို့နောက် လန်ချားစီးပြီး အထင်ကရနေရာများ ဖြစ်သော Hoan-Kiemရေကန်၊ ဗီယက်နမ်မြို့၏ Old Quarter ဖြစ်သော 36 Streets ၊ ပြင်သစ်စတိုင် ရှေးဟောင်း အဆောက်အဦးများ တစ်လျှောက် လှည့်လည် လည်ပတ်ခွင့်ရမှာဖြစ်ပါသည်။ညနေအစောပိုင်းတွင် Bong Sen Theatre ပြဇာတ်ရုံ တွင် ရိုးရာရုပ်သေးအကကိုလည်း ကြည့်ရှုရမှာဖြစ်ပါသည်။ညနေစာ စားပြီးနောက် ဟိုတယ်သို့ပြန်ကာ အနားယူ အိပ်စက်ပါမည်။

DAY 2: HANOI - HALONG BAY (Meal – Breakfast, Lunch, Dinner)

ဟိုတယ်၌ မနက်စာ စားပြီးနောက် ဟိုချီမင်း (Uncle Ho) ၏ နောက်ဆုံးလဲလျောင်းရာ နေရာဖြစ်သည့် ပြောင်မြောက်သော ဗိသုကာလက်ရာများစုစည်းရာ သမိုင်းဝင်နေရာ တစ်ခုဖြစ်သည့် Ba Dinh Square, Ho Chi Minh Mausoleum (Closed on Monday, Friday) မှ စတင်လည်ပတ်ပါမည်။
One Pillar Pagoda ဘုရားသို့ ၀င်ရောက်ဖူးမြော်ကာ ထိုမှတဆင့် ဗီယက်နမ် နိင်ငံ၏ ပထမဆုံး အမျိုးသားတက္ကသိုလ် Temple of Literature သို့ ၀င်ရောက်လေ့လာပါမည်။

နေ့လည်စာ စားပြီးနောက် ဗီယက်နမ်နိုင်ငံရဲ့ အထင်ရှားဆုံးသော သဘာဝအလှများဖြင့် UNESCO ၏ ကမ္ဘာ့ရှေးဟောင်းမွေအနှစ်စာရင်းဝင် ဟလောင်းမြို့သို့ ဆက်လက်ထွက်ခွာပါမည်။၎နာရီခန့် ကားဖြင့်ဆက်လက် သွားရသော ခရီးလမ်းတလျှောက် ကျေးလက်ဒေသအလှ သဘာဝရှုခင်းများကို ကြည့်ရှုခံစားရင်း ဟလောင်းသို့ ရောက်ရှိပါမည်။ ညနေစာအား ဒေသအစားအစာ ပင်လယ်စာ ဖြင့် တည်ခင်း ကျွှေးမွေးပြီးနောက် ဟလောင်း Beach cityရှိ Night market တွင် ဈေးဝယ်ထွက်ပါမည်။ ဟလောင်း ပင်လယ်အော်ရှိ ဟိုတယ်သို့ပြန်ကာ အနားယူ အိပ်စက်ပါမည်။

DAY 3: HALONG BAY – HANOI (Meal – Breakfast, Lunch, Dinner)

ဟိုတယ်၌ မနက်စာ စားပြီးနောက် Halong ပင်လယ်အော်သို့ အပျော်စီးသဘောင်္ဖြင့် သာယာသော သဘာဝရှုခင်းများကြည့်ရှုရင်း လွန်စွာ လှပဆန်းပြားသော ကျွန်းငယ်ပေါင်း မြောက်များစွာကိုပါမြင်တွေ့နိုင်ပြီး နောက်ဆုံးတွင် ဒေသခံ တံငါရွာငယ်များစွာ ကို ဖြတ်သန်းကာ ၎င်းတို့၏ တစ်နေ့တာ လူနေမှုဘ၀ကို လေ့လာခွင့်ရပါမည်။
Halong ပင်လယ်အော် ရှိ အလှပဆုံးလိုဏ်ဂူများဖြစ်သည့် Paradise Cave (ThienCung လိုဏ်ဂူ) နှင့် Dau Go caves သို့ လည်ပတ်ပါမည်။ ဟလောင်း၏ အကြီးဆုံး ကာစီနို Hoang Gia Casino၊ ဟလောင်း Beach cityရှိ Night market တွင် ဈေးဝယ်ထွက်ပါမည်။ ညစာ စားပြီးနောက် ဟိုတယ်သို့ပြန်လာကာ အနားယူ အိပ်စက်ပါမည်။

DAY 4: HA LONG - NINH BINH (Meal – Breakfast, Lunch, Dinner)

မနက်စောစော ဟိုတယ်သို့ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး ဟနွိုင်းမြို့တောင်ပိုင်း မီတာ ၁၀၀ အကွာ တွင် တည်ရှိသော Ninh Binh သို့ ဆက်လက်ထွက်ခွာပါမည်။ မြစိမ်းရောင် တောင်ကုန်းတောင်တန်းများကြား Sampan ဟုခေါ်သော ရိုးရာလှေတစ်မျိုး ဖြင့် ကွေ့ကောက် သော စမ်းချောင်း တလျှောက် လေကောင်းလေသန့်ရှုရှိုက်ရင်း ရေပေါ်စပါးခင်းများ ကို ကြည့်ရှုခံစားရပါမည်။ Ninh Binh သို့ ရောက်ရှိသော် သမိုင်းဝင် ရှေးဟောင်း မြို့တော် ဖြစ်ခဲ့သည့် Hoa Lu တွင် တည်ဆောက်ခဲ့သော Dinh King and Le King ခေါ်ဘုရားကျောင်းသို့ ၀င်ရောက် လည်ပတ်ပါမည်။ စမ်းချောင်းတစ်လျှောက် ဆက်လက် ရွက်လွှင့် လာပြီး ကျောက်စက်မိုးမျှော်များ၊ ကျောက်စက်တွဲလောင်းများဖြင့် လှပ သောTam Coc လိုဏ်ဂူ သို့လည်ပတ်ပါမည်။ Anh Dung restaurant တွင် နေ့လည်စာ ကျွေးမွေးပါမည်။ ဟနွိုင်းသို့ပြန်လာကာ ဈေးဝယ်ထွက် ပါမည်။ ညနေစာအတွက် နာမည်ကြီး SenTay Ho restaurant တွင် ဘူဖေး dinner ဖြင့် တည်ခင်းကျွေးမွေးပါမည်။ ဟိုတယ်သို့ပြန်ကာ အနားယူ အိပ်စက်ပါမည်။

DAY 5: HANOI – DEPARTURE (Meal – Breakfast)

မနက်စာစားပြီးနောက် လေဆိပ်သို့မသွားရောက်မီ အားလပ်ချိန်တွင် စိတ်လွတ်လပ်အပန်းပြေစွာနေနိုင်ပါသည်။
လေဆိပ်သို့ ကားဖြင့် ပို့ဆောင်ပါမည်။

ခရီးစဉ်တွင် ပါဝင်သော ၀န်ဆောင်မှု

  • နေ့စဉ် ဟိုတယ်မနက်စာ ပါဝင်သော ဟိုတယ် တည်းခိုခ စရိတ်
  • ခရီးစဉ်တစ်လျှောက် လုံးတွင် ပါဝင်သော လည်ပတ်မည့် နေရာများသို့ (Private Air-con Coach) အဲယားကွန်း ကားဖြင့် အကြိုအပို့များ၊အ စားအသောက်များ (ဗီယက်နမ်အစားအစာ၊ ပင်လယ်စာ အစားအစာများ)
  • ၀င်ကြေးများ
  • နေ့စဉ် ရေသန့် ၂ဘူး
  • ခရီးစဉ်တွင် အသေးစိတ် ဖော်ပြထားသည့် အတိုင်း အပျော်စီးသဘောင်္ ဖြင့်လည်ပတ်ခြင်း
  • English Speaking ဧည့်လမ်းညွှန်တစ်ဦး က ဦးဆောင်၍ လိုက်ပါ ရှင်းလင်း ပြသပါမည်။

ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှု

  • ဖော်ပြထားခြင်းမရှိသော ၀န်ဆောင်ခများ
  • ပြည်တွင်း၊ပြည်ပ လေယာဉ် လက်မှတ်
  • အခွန်များ
  • ကိုယ်ပိုင် အသုံးစရိတ်များ
  • ဟိုတယ်တွင် free facilities မဟုတ်သည့် ၀န်ဆောင်မှုများ (ဥပမာ – အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Mini Bar အသုံးပြုခများ)
  • ဟိုတယ်မှ နောက်ကျ ထွက်ခွာခြင်းများ (Late Checkout )

မှတ်ချက်။ ။ ၂နှစ်/အောက်ငယ်သော ကလေးများ မိဘနှင့် တစ်ခန်းတည်းအတူနေလျှင် အခကြေးငွေ ထပ်မံ ကောက်ခံခြင်းမရှိပါ။

Contact us

We're not around right now. But you can send us an email and we'll get back to you, asap.

Questions, issues or concerns? I'd love to help you!

Click ENTER to chat